The network connection is lost.

Banner Image

ယူနိုက်တက်အတွက်ပြန်ကစားပေးနိုင်ဖို့ နီးစပ်လာတဲ့ ဒေါ်ဂူ

ပက်ထရစ်ဒေါ်ဂူက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

ဒီဒိန်းမတ်လူမျိုး ဝင်းဘက်ကစားသမားဟာ ပေါင်နောက်ကြောကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီလကတည်းက အသင်းနဲ့ ဝေးကွာနေခဲ့တာပါ။

ဒေါ်ဂူအနေနဲ့ ၁၀ ပတ်လောက်ပဲ အနားယူရဖို့ မျှော်လင့်ထားကြပြီး ဧပြီလ ၁၃ ရက်နေ့မှာ ကစားမယ့် လိဒ်စ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

ဒါပေမဲ့ သူဟာ ဒဏ်ရာအခြေအနေ သိသိသာသာ တိုးတက်ကောင်းမွန်လာနေပေမဲ့ လိဒ်စ်နဲ့ပွဲကတော့ သူ့အတွက် ပြန်ကစားဖို့ စောလွန်းနေသေးတယ်လို့ ယူနိုက်တက် စီမံခန့်ခွဲသူတွေက ယူဆထားကြပါတယ်။

ဒေါ်ဂူဟာ လေ့ကျင့်ရေးကွင်းထဲကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး တစ်ကိုယ်တော် လေ့ကျင့်မှုတွေ စတင်လုပ်ဆောင်နေပြီလို့ ယူနိုက်တက်အသင်းက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်ဂူဟာ ဒဏ်ရာမရခင်အချိန်အထိ နည်းပြ မိုက်ကယ်ကားရစ်ရဲ့ လက်အောက်မှာ အထူးခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး မန်စီးတီး၊ အာဆင်နယ်တို့နဲ့ပွဲစဉ်တွေမှာလည်း အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။